လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ကယ်တင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက ဖော်ပြပါတယ်။
-
RFA Burmese
2025-01-01 -
-
-
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်က လူကုန်ကူးခံရတဲ့ ရိုဟင်ဂျာ ခြောက်ဆယ်ကျော်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက ဖော်ပြပါတယ်။
ကယ်တင်နိုင်ခဲ့သူတွေထဲမှာ ရိုဟင်ဂျာ ၆၁ ဦးအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဦး ပါဝင်ပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေး ၃၇ ဦးတို့ကိုကယ်တင်နိုင်ခဲ့တာပါ။
လူကုန်ကူးတဲ့သူ ငါးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ်နှစ်လက်နဲ့ ကျည်ဆံတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ သန်းနဲ့ချီ ရှိခဲ့ပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးတာပါ။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂကို အတင်းအကျပ် ရွှေ့ပြောင်းခံရတဲ့ မြန်မာနိုင်ငံသားများဆိုင်ရာ အလုပ်အဖွဲ့ (NTF) က ဒီဇင်ဘာလ ၂၄ ရက်နေ့က တောင်းဆိုထားပါတယ်။