ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ် ၁၃ဝ ကျော်ကို စစ်ကောင်စီက ထပ်မံမီးရှို့

ထန်တလန်မြို့မှာ နေအိမ် နှစ်ထောင်ဝန်းကျင်သာရှိပြီး စစ်ကောင်စီတပ်က ၂၈ ကြိမ် မီးရှို့ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်း‌ နဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် လူနေအိမ် ၁၂ဝဝ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့က မီးလောင်ပျက်စီးနေသော နေအိမ်များကို ၂ဝ၂၂ ခုနှစ် မေလက တွေ့မြင်ရစဉ်။ Photo: Thantlang Placement Affairs Committee -IDPs help

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့ပေါ်က နေအိမ် ၁၃၈ လုံးကို ပြီးခဲ့တဲ့ မေလ၂၄ ရက်နဲ့ မေလ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့တယ်လို့ ထန်တလန်မြို့ဒေသခံတွေက RFA ကို ပြောပါတယ်။

ထန်တလန်မြို့မှာ နေအိမ် နှစ်ထောင်ဝန်းကျင်သာရှိပြီး စစ်ကောင်စီတပ်က ၂၈ ကြိမ် မီးရှို့ခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်း‌နဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် လူနေအိမ် ၁၂ဝဝ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

စစ်တပ်က လူနေအိမ်တွေကို အခုလို မီးရှို့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါတိုင်းမှာ စစ်ကောင်စီတပ်သားတွေ မီးရှို့တာမဟုတ်ဘဲ ဒေသကာကွယ်ရေး PDF အဖွဲ့တွေက ရှို့တာဖြစ်တယ်လို့ အမြဲငြင်းဆိုပါတယ်။

၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ထန်တလန်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့‌တွေကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့ပြီး နေအိမ်တွေ မီးလောင်ပျက်စီးတာကို မီးငြှိမ်းဖို့သွားတဲ့ ခရစ်ယာန်ဓမ္မဆရာတစ်ဦး အသတ်ခံရပြီးနောက် ဒေသခံတွေ မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း ထန်တလန်မြို့မှာ ညနေ ၅ နာရီ ကနေ ည ၉ နာရီအထိ ၄နာရီအကြာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို CDF ထန်တလန်နဲ့ CNAအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း CDF ထန်တလန်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org