ဟီလာရီကို နယူးယောက်တိုင်းမ်စ် နဲ့ အယ်လ်အေတိုင်းမ်စ် သတင်း စာတွေက ထောက်ခံလိုက်ပြီ

သြဇာကြီးမားတဲ့ New York Times နယူးယောက် တိုင်းမ်စ် နဲ့ L A Times အယ်လ် အေ တိုင်းမ်စ် သတင်းစာအယ်ဒီတာအဖွဲ့တွေက လာမယ့် နိုဝင် ဘာ ၈ ရက်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မှာ ပါဝင် ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ အမေရိကန် သမ္မတဖြစ်သင့်ကြောင်း စနေနေ့ မနေ့က ထောက်ခံလိုက် ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အဖြစ် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်လာစဉ်။ Photo:AFP

သြဇာကြီးမားတဲ့ New York Times နယူးယောက် တိုင်းမ်စ် နဲ့ L A Times အယ်လ် အေ တိုင်းမ်စ် သတင်းစာ အယ်ဒီတာအဖွဲ့တွေက လာမယ့် နိုဝင်ဘာ ၈ ရက်ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဟီလာရီကလင်တန်ဟာ အမေရိကန်သမ္မတဖြစ်သင့်ကြောင်း စနေနေ့ မနေ့က ထောက်ခံလိုက်ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီဟာ နိုင်ငံရေးအတွေ့အကြုံနဲ့ လက်တွေ့ကျတဲ့ အတွေးအခေါ် ရှိသူဖြစ်ပြီး ရီပတ်ဘလီကင်ပါတီ သမ္မတလောင်း ဒေါ်နယ်လ် ထရမ့်ကတော့ ခိုင်ခိုင်မာမာ စီမံကိန်း တစ်ခုတလေမှ ချပြနိုင်သူမဟုတ်တဲ့အတွက် သူတို့ ၂ ယောက်ကို ချိန်ခွင်ထိုးဖို့ မလိုတော့ဘူးလို့ နယူးယောက်တိုင်းမ် အယ်ဒီတာ အဖွဲ့ကပြောပါတယ်။

လော့စ်အိန်ဂျယ်လစ် တိုင်းမ်စ် သတင်းစာကလည်း ဒေါ်နယ် ထရမ့်ဟာ အမေရိကန်လူထုနဲ့ ကင်းကွာပြီး ရွေးချယ်ခံ အုပ်ချုပ်ရေး အတွေ့အကြုံမရှိကြောင်း ဟီလာရီ ကလင်တန်ကတော့ အစိုးရအုပ်ချုပ်ရေး ယန္ဒယားနဲ့ ကျွမ်းဝင်ပြီး သမ္မတ ရာထူးအတွက် နှစ်ပေါင်းများစွာ စနစ်တကျ လေ့ကျင့်ပျိုးထောင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။

တနင်္ဂနွေနေ့ညမှာ သမ္မတလောင်း ၂ ဦး ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲပြုလုပ်ဖို့ ရှိနေစဉ်အတွင်း အခုလို နာမည်ကျော် အမေရိကန် သတင်းစာ ၂ စောင်ရဲ့ ထုတ်ပြန်ချက်တွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org