အလှမယ်ဟန်လေး ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ရောက်ရှိ

လေဆိပ်မှာ ကနေဒါနိုင်ငံရောက် မြန်မာတွေနဲ့ အပြည်ပြည်ဆိုင်ရာသတင်းထောက်တွေ စောင့်ကြိုနေကြပေမယ့် ကနေဒါအာဏာပိုင်တွေက လုံခြုံရေးအရ ဟန်လေးနဲ့ တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

စက်တင်ဘာလ ၂၈ ရက်နေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ရောက်ရှိသွားသော အလှမယ်ဟန်လေး။ Photo: AFP

ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရရှိတဲ့ အလှမယ်ဟန်လေးဟာ စက်တင်ဘာ၂၈ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ကို ရောက်ရှိသွားပါတယ်။

လေဆိပ်မှာ ကနေဒါနိုင်ငံရောက် မြန်မာတွေနဲ့ အပြည်ပြည်ဆိုင်ရာသတင်းထောက်တွေ စောင့်ကြိုနေကြပေမယ့် ကနေဒါအာဏာပိုင်တွေက လုံခြုံရေးအရ ဟန်လေးကို တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။

သူလေယာဉ်ဆိုက်ရောက်တဲ့ နေရာကနေ လေဆိပ်ထဲက တခြားဂိတ်တစ်ခုကို ခေါ်ဆောင်သွားတယ်လို့ ဟန်လေးနဲ့တယ်လီဖုန်း အဆက်အသွယ်ရတဲ့ ကနေဒါနိုင်ငံက မြန်မာ့အရေးဆောင်ရွက်သူ ဦးတင်မောင်ထူးကပြောပါတယ်။

ဟန်လေးဟာ သူ့ကို လာကြိုနေကြတဲ့ ကနေဒါနိုင်ငံရောက် မြန်မာတွေနဲ့ သတင်းထောက်တွေကို တယ်လီဖုန်းကတဆင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး သတင်းထောက်တွေ မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဟန်လေးကို တိုရွန်တိုမြို့ကတစ်ဆင့် ကနေဒါနိုင်ငံ၊ ချားလက်တောင်းမြို့- Charlet town မြို့ကို ပို့ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org