ဟုမ္မလင်းက ရွှေလုပ်ကွက်တစ်ခု ပြိုကျပြီး ၇ ဦး ပျောက်ဆုံးနေ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ မနေ့က ရွှေလုပ်ကွက် တစ်ခုပြိုကျခဲ့ပြီး လူ ၇ ဦး ပျောက်ဆုံးနေတဲ့ အတွက် မြေတူးစက်တွေနဲ့ တူးဖော်နေပါတယ်။
-
2017-01-30 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ မနေ့က ရွှေလုပ်ကွက်တစ်ခုပြိုကျခဲ့ပြီး လူ ၇ ဦး ပျောက်ဆုံးနေတဲ့အတွက် မြေတူးစက်တွေနဲ့ တူးဖော်နေပါတယ်။
ရွှေလုပ်ကွက်အနီးမှာ တရားမဝင်တူးဖော်သူတွေ ပျောက်ဆုံးနေတာဖြစ်ပြီး မြေတူးစက်တွေနဲ့ ရှာဖွေနေတယ်လို့ ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး က ပြောပါတယ်။
"ရွာထဲက သိရတာ ၅ ယောက် နောက်ထပ်သိရတာ ၂ ယောက်။ မတွေ့ဘူး အခုထိ စက်ယန္တရားတွေနဲ့ အခုမှစဖော်နေတာ ဌာနဆိုင်ရာအသီးသီး နဲ့ပေါ့။ ရွှေလုပ်ကွက်နဲ့မဆိုင်ဘူး ဘေးက မျှောမီးပုံမှာ လက်လုပ်လက်စားတွေ တရားမဝင်တူးရင်းနဲ့ ဖြစ်ကြတာ"
ရွှေတူးဖော်ရေးကုမ္ပဏီနှစ်ခုကြားမှာ တရားမဝင် ဝင်ရောက်တူးဖော်ရင်းမြေပြိုခဲ့တာဖြစ်ပြီး ခန့်မှန်း ပေ ၄၀၀ အကျယ် ပေ ၄၀ နီးပါးနက်တဲ့ ကျင်းကြီး ပြိုကျသွား တာဖြစ်တယ်လို့ သိရပါတယ်။
ထိန်ကုန်းကျေးရွာအနီးမှာ ရွှေလုပ်ကွက် ကမ်းပါးပြိုတာတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး လူထိခိုက် သေဆုံးတာတွေ၊ လူနေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။