ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ

ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ညွှန်ချုပ် နဲ့ ဒုညွှန်ချုပ် တို့ လာရောက်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းပေးခဲ့ပေမဲ့ အလုပ်ရှင်က ဘာကိုမှ လိုက်လျောပေးမှာ မဟုတ်ဘဲ ကျေနပ်တဲ့သူလုပ် မကျေနပ်တဲ့သူမလုပ်ဖို့ သာ တုန့်ပြန်ပြောဆိုခဲ့ကြောင်း  အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်တဲ့ ကိုနေလွင်ထွန်း  က RFA ကို ပြောပါတယ်။

အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတဦး ပိုင်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။

မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား (၆၅၄) ဦး ရှိပါတယ်။ သူတို့ကို အခြေခံလုပ်ခ လစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် လစာ တိုးပေးဖို့ ဇွန်လ ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org