ပို့ကုန်ရငွေသွင်းရန်ကျန်သူများ တစ်လအတွင်းသွင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်

ပြည်ပပို့ကုန်ကနေရတဲ့ငွေ ပြန်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေကို တစ်လအတွင်း ပြန်မသွင်းရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းတွေအပြင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ပါ အရေးယူမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာလ ၂ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက် ပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားလမ်းက ဆိပ်ကမ်းတစ်ခုမှာ ကုန်သေတ္တာတွေကို တွေ့ရစဥ်
ပြည်ပပို့ကုန်ကနေရတဲ့ငွေ ပြန်သွင်းဖို့ကျန်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေကို တစ်လအတွင်း ပြန်မသွင်းရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းတွေ အပြင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနဲ့ပါ အရေးယူမယ်လို့ ဗဟိုဘဏ်က နိုဝင်ဘာလ ၂ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
 
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ထားတဲ့စာရင်းအရ ၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပိုခဲ့ပြီး ခြောက်လအတွင်း ပြန်လည် ပေးသွင်းရမှာဖြစ်ပေမယ့် ရငွေပြန်လည်သွင်းဖို့ကျန်တဲ့ ကုမ္ပဏီပေါင်း ၆၆၃ ခုရှိပြီး ပြန်သွင်းရမယ့်ငွေ အမေရိကန်ဒေါ်လာ ၅၇၆ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
 
ပို့ကုန်ရငွေပြန်ဝင်ဖို့ကျန်နေတဲ့ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေ ဝင်ရောက်ခဲ့တဲ့ ဘဏ်တွေနဲ့ ဆက်သွယ်စာရင်းရှင်းလင်းဖို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကနေလည်း ဆက်သွယ်အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
 
အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဒေါ်လာစျေးကို ထိန်းချုပ်ဖို့ဆိုပြီး ပြည်ပကိုပို့ကုန်အဖြစ် တင်ပို့ ရောင်းချနေသူတွေရဲ့ ပို့ကုန်ရငွေ တနည်းအားဖြင့် အမေရိကန်ဒေါ်လာကို လက်ထဲမှာ ကိုင်မထားဘဲ တစ်လအတွင်း ပြန်ရောင်းချရမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။
 
နိုင်ငံခြားပို့ကုန်ကနေရတဲ့ငွေကို မိမိရဲ့ဘဏ်အကောင့် ဒါမှမဟုတ် ကုမ္ပဏီအကောင့်ထံ လွှဲပြောင်းရောင်းချ နိုင်သလို နိုင်ငံခြားငွေအရောင်းအဝယ်လုပ်ခွင့် (AD) လိုင်စင်ရလုပ်ငန်းတွေနဲ့ AD လိုင်စင်ရဘဏ်တွေကို ရောင်းချနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
 
ဒါပေမဲ့ အခြားပြင်ပအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေထံကို ရောင်းချခွင့်မပြုဘဲ ရောင်းချခွင့်ပြုထားတဲ့နေရာ တွေကိုလည်း တစ်လအတွင်း ရောင်းချရမယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။
 
ပြင်ပစျေးကွက်မှာ အမေရိကန်ဒေါ်လာစျေး စံချိန်တင်မြင့်တက်လာပြီးနောက်ပိုင်း ဒေါ်လာလက်ဝယ် ရှိသူတွေဟာ ပြန်မရောင်းဘဲ ဒေါ်လာကို လက်ထဲကိုင်ထားတာကြောင့် အခုလို အမိန့်တွေထုတ်ပြန် တာဖြစ်ပေမယ့် ဒါဟာ ရေရှည်အဆင်ပြေမယ့်နည်းတော့ မဟုတ်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org