ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးတွေ့ခွင့်ရှိကြောင်း ကြိုဆိုရေးကော်မတီပြော

မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှာ ဂျပန်နိင်ငံ ကို ရောက်ရှိမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မည်သူ မဆို တွေ့ခွင့်ရှိကြောင်း တိုကျိုမြို့က ကြိုဆိုရေးကော်မတီ က RFA ကို ပြောပါတယ်။

မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့မှာ ဂျပန်နိင်ငံကိုရောက်ရှိမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမဆို တွေ့ခွင့်ရှိကြောင်း တိုကျိုမြို့က ကြိုဆိုရေးကော်မတီက RFA ကို ပြောပါတယ်။

ဒီနေ့ဧပြီလ ၁၂ ရက်နေ့မှာ တိုကျိုမြို့နဲ့ အနီးတဝိုက်က မြန်မာနိုင်ငံသားတွေဟာ Narita Airport (နာရီတာ)လေဆိပ်ကို သွားရောက်ကြိုဆိုဖို့ ပြင်ဆင်နေကြသလို၊ မနက်ဖြန် ဂျပန်စံတော်ချိန်  ညနေ ၄ နာရီမှာ လူဦးရေ ၁၈၀၀ လောက်ဆန့်တဲ့ခန်းမတစ်ခုမှာ တွေ့ဆုံနိုင်ဖို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တွေ ပြင်ဆင်နေကြပါတယ်။

မနေ့က အေအက်ဖ်ပီ သတင်းတစ်ပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသား မိသားစုတွေ တွေ့ဆုံပွဲမှာ ဂျပန်မှာရှိတဲ့ ရိုဟင်ဂျာ မိသားစုတွေကို တွေ့ဆုံခွင့် မပေးတဲ့အတွက် တွေ့ခွင့်ရမှာမဟုတ်ကြောင်း မူဆလင် ရိုဟင်ဂျာတစ်ဦးဖြစ်သူ ကိုဇော်မင်းထွဋ်ဆိုသူက ပြောကြောင်း အေအက်ဖ်ပီသတင်းက ရေးသားခဲ့ပါတယ်။

RFA က အဲဒီသတင်းကို မနေ့က ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရေးသားပြောဆိုချက်ဟာ မှားယွင်းကြောင်း ကြိုဆိုရေးနဲ့ အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုကျော်ကျော်စိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမယ့် တိုကျိုမြို့က ကြိုဆိုရေးအဖွဲ့ဝင် ကိုကျော်ကျော်စိုးကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org