စနစ်တကျ လူမျိုးတုံးရှင်းလင်းရေး လုပ်ဟု OIC ပြောကြား

ရိုဟင်ဂျာအခြေအနေဟာ လူမျိုးတုံးရှင်းလင်းရေး လှုပ်ရှားမှုကို စနစ်တကျ ဖော်ဆောင်တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုဖြစ်တာမို့ နည်းလမ်းပေါင်းစုံနဲ့ ရပ်တန့်အောင်လုပ်ရမယ်လို့ OIC လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မရှင်က သောကြာနေ့ မှာထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ မွတ်စလင်တွေကို တွေ့ရစဉ် Photo: BenarNews

ရိုဟင်ဂျာအခြေအနေဟာ လူမျိုးတုံးရှင်းလင်းရေး လှုပ်ရှားမှုကို စနစ်တကျ ဖော်ဆောင်တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ပြစ်မှုဖြစ်တာမို့ နည်းလမ်းပေါင်းစုံနဲ့ ရပ်တန့်အောင် လုပ်ရမယ်လို့ OIC လူ့အခွင့်အရေးဆိုင်ရာ အမြဲတမ်းကော်မရှင်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာရသူတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုကို အကြီးအကျယ် ဆက်လက်ခံစားနေ ရတုန်းပဲလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ဆိုတာတွေကို အခြေတည်ပြီး ဒီကြေညာချက်ကို ထုတ်ပြန်တာလို့လည်း ဆိုပါတယ်။

ကိုဖီအာနန်ခေါင်းဆောင်တဲ့ အကြံပေးကော်မရှင်က တင်ပြထားတာတွေကို မြန်မာအစိုးရက အကောင် အထည်ဖော်ဖို့လည်း ကော်မရှင်က တိုက်တွန်းပြီး ရိုဟင်ဂျာဆန့်ကျင်ရေး သတင်းမှားကိစ္စတွေကို ဖြေရှင်းဖို့ အပြင် စေ့စပ်ဆွေးနွေးရာကတဆင့် ထိခိုက်နစ်နာရတဲ့ အသိုင်းအဝိုင်းတွေ ပြန်လည်ရင်ကြားစေ့ရေးနဲ့ စုစုစည်းစည်းဖြစ်အောင် အားပေးဆောင်ရွက်ဖို့နဲ့ နစ်နာဆုံးရှုံးသွားရတာတွေနဲ့ ခွဲခြားဆက်ဆံခံရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းရအောင် ကြပ်မတ်အရေးယူဆောင်ရွက်ဖို့ စတာတွေကိုလည်း ကြေညာချက် မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org