ဖားကန့်မှာ ဆင်တိုက်ခိုက်မှုကြောင့် လူ ၅ ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောမှော်ကျေးရွာမှာ သစ်ဆွဲ အိမ်ဆင်တစ်ကောင်ဟာ မုန်ယိုပြီး လိုက်လံသောင်း ကျန်းနေရာမှာ လူငါးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သစ်ဆွဲနေတဲ့ဆင်များကို မြင်ရစဉ် (Photo: AFP)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောမှော်ကျေးရွာမှာ သစ်ဆွဲ အိမ်ဆင်တစ်ကောင်ဟာ မုန်ယိုပြီး လိုက်လံသောင်းကျန်းနေရာမှာ လူငါးဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆင်ရဲ့အမြင့်ဟာ ၉ပေနီးပါးရှိပြီး အရွယ်အစား ကြီးမားတဲ့အတွက် ဖမ်းဆီးနှိမ်နှင်းဖို့ ခက်ခဲနေကြောင်း လုံးခင်းကျေးရွာသား ဦးတင့်စိုးက ပြောပြပါတယ်။

"သစ်ဆွဲနေတဲ့ ဆင်ပေါ့ဗျာ၊ ဒီလ ၆ ရက်နေ့ကပဲ မုန်ယိုပြီးတော့ ပိုင်ရှင်နဲ့ ဆင်ဦးစီး ပထမဆုံး နှစ်ယောက်ကို တစ်နေရာထဲမှာပဲ သတ်ပစ်လိုက် တယ်၊ နောက်ထပ် အမျိုးသားနှစ်ယောက်ကို ထပ်ပြီးတော့ နင်းသတ်လိုက်တယ်၊ နောက်တစ်ခါ တစ်နေ့က နောက်ဆုံး အမျိုးသမီးတစ်ယောက်ကို သတ်လိုက်တယ်၊ အားလုံးစုစုပေါင်း ၅ ယောက်ရှိသွားပြီ၊ ဆင်က အကောင်တော်တော်ကြီးတဲ့အခါကျတော့ ဖမ်းဖို့သူ့အနားမကပ်ရဲလို့ ပြန်လာကြတ အနေအထားမျိုးဖြစ်နေတယ်၊ ဒီဆင်ကြောင့်မို့ အသက်ဘေးအန္တရာယ် မလုံခြုံသလိုခံစားနေရတယ်၊ နှိမ်နှင်းဖို့လည်း တော်တော်လေး ခက်ခက်ခဲခဲဖြစ်နေတယ်"

အခုရက်ပိုင်းအတွင်း ဆင်ပိုင်ရှင်နဲ့ဆင်ဦးစီးအပါအဝင် အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးစုစုပေါင်း လူငါးဦးသေဆုံးသွားပြီဖြစ်ပြီး၊ အခုဖြစ်ရပ်ဟာ ဆင်တိုက်ခိုက်မှုကြောင့် ဖားကန့်ဒေသမှာ လူအများဆုံး သေဆုံးရတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org