မြေငလျင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံမှာ မြေငလျင်တိုင်းတာ တဲ့ ခေတ်မီစက်ပစ္စည်းတွေ၊ မြေငလျင် တိုင်းတာရေး စခန်းတွေ နည်းနေတယ် လို့ မြန်မာနိုင်ငံမြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC မှာ အောက်တိုဘာလ ၈ ရက်နေ့က ကျင်းပတဲ့ မြေငလျင်ဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော် ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံမှာ မြေငလျင်တိုင်းတာတဲ့ ခေတ်မီစက်ပစ္စည်းတွေ၊ မြေငလျင်တိုင်းတာရေး စခန်းတွေ နည်းနေတယ် လို့ မြန်မာနိုင်ငံမြေငလျင် ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က MCC မှာ ကျင်းပတဲ့ မြေငလျင်ဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ မြေ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစောထွေးဇော်က ပြောတာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ငလျင်ဒဏ်ခံနိုင်တဲ့ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လုပ်နိုင်ရေး၊ ငလျင်ကြောင့် ဖြစ်ပေါ် လာတဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို  ဆွေးနွေးကြတာဖြစ်ပါတယ်။

၂ဝဝ၂ ခုနှစ် နောက်ပိုင်း ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးတွေဟာ ငလျင်ဒဏ်ခံနိုင်အောင် ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေ များတယ်လို့လည်း မြန်မာနိုင်ငံ ငလျင်ကော်မတီက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးတို့ တက်ရောက်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org