၆ လအတွင်း သွေးလွန် တုပ်ကွေးကြောင့် သေဆုံးသူ ၃၉ ဦးရှိ
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၇ ရက်နေ့အထိ ခြောက်လအတွင်း တစ်နိုင်ငံ လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ခြောက်ထောင့်ငါးရာကျော်ရှိပြီး သေဆုံးသူ ၃၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားက စားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
-
2017-07-01 -
-
-
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ ၁၇ ရက်နေ့အထိ ခြောက်လအတွင်း တစ်နိုင်ငံလုံးမှာ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ခြောက်ထောင့်ငါးရာကျော်ရှိပြီး သေဆုံးသူ ၃၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာဇော်လင်း က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ခြောက်လတာအတွင်း ဖြစ်ပွားမှုနှုန်းထက် ပိုမြင့်မားနေပြီး ရန်ကုန်တိုင်းက အများဆုံးဖြစ်တယ် လို့ သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေးဌာန စီမံကိန်းမန်နေဂျာ ဒေါက်တာဇော်လင်းက ပြောပါတယ်။
"၂ဝ၁၅ တုန်းကတော့ တစ်နှစ်လုံး လေးသောင်းကျော်လောက် ရှိပါတယ်၊ သွေးလွန်တုပ်ကွေး ဖြစ်ပွား သူလေ၊ သေဆုံးသူ ၁၄ဝ ဦး ရှိပါတယ်၊ မနှစ်က ၂ဝ၁၆ ကတော့ ၁ဝ၇၇ဝ ရှိပါတယ်၊ ၅၈ ဦး အသက်ဆုံး ရှုံးခဲ့ပါတယ်၊ အခုကတော့ ၂ဝ၁၆ ထက်စာရင် နည်းနည်း များလာတယ်လို့ ပြောရတော့မှာပေ့ါနော်၊ ကျနော် တို့လည်းကာကွယ်နှိမ်နင်းရေးကို ဆက်တိုက်ကို ဖိဖိစီးစီးလုပ်ဆောင်နေပါတယ်၊ ရန်ကုန်တိုင်းက လူနေထိုင်မှုများတဲ့အတွက် နှစ်စဉ်များခြေရှိပါတယ်၊ အခြေခံလူတန်းစားလည်း များတဲ့အတွက်ကြောင့်လေ၊ ၁၇ ရက် ခြောက်လစာရင်းအရဆိုရင် ၁၈ဝဝ ခန့်လောက်နဲ့ အများဆုံးဖြစ်နေတာပေါ့လေ"
ရန်ကုန်တိုင်းမှာ လူဦးရေထူထပ်ပြီး အခြေခံလူတန်းစားများတာကြောင့် ဖြစ်ပွားမှုနှုန်း ပိုများပြီး ဧရာဝတီနဲ့ ပဲခူးတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာလည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှိနေတယ်လို့လည်း ပြော ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဟာ အသက် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကလေးငယ်တွေမှာ အများဆုံးဖြစ် ပွားနေတယ်လို့ သိရပါတယ်။
ပြည်နယ်နဲ့တိုင်းအလိုက် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အခြေအနေအပေါ် သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး စစ်ဆင်ရေးသဖွယ်လုပ်ဆောင်နေပြီး နေပြည်တော်ဗဟိုကနေတဆင့် သက်ဆိုင်ရာ ရပ်/ကျေး ဥက္ကဌတွေအထိ လမ်းညွှန်လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။