ကချင်ပြည်နယ်အရေး စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ သိပ်ပြီးမြန်ဆန်မယ်လို့ မမြင်ကြောင်း၊ ဒီပြဿနာကို သူပါဝင်ဖြေရှင်းလိုပေမယ့် သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းတွေရဲ့ တရားဝင် ဖိတ်ခေါ်ကမ်းလှမ်းမှုရှိမှသာ ပါဝင်ဖို့သင့်ကြောင်း ပြောကြားလိုက်ပါတယ်။
-
2013-01-16 -
-
-
၂၀၁၃ ခုနှစ် ၁ လ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၅ကြိမ်မြောက် စိန်ရတု ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်
Photo: NLD Facebook
RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းရမှာ သူက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီကို တရားဝင်ပါတီတခုအဖြစ် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းရာမှာ ဥပဒေစည်းကမ်းတွေနဲ့ အညီ ဆောင်ရွက်မယ်ဆိုရင် သူ့အနေနဲ့ လက်မခံနိုင်စရာ အကြောင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
တဆက်တည်းမှာပဲ သူဟာ ကွန်မြူနစ်တစ်ယောက် မဟုတ်ကြောင်း၊ ဒါပေမယ့် ကွန်မြူနစ်ဝါဒအပေါ် သက်ဝင်ယုံကြည်သူတွေရှိတာကို သိရှိကြောင်းနဲ့ လူတိုင်းမှာ လွတ်လပ်စွာယုံကြည်ခွင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
အပြည့်အစုံကို “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ နားဆင်ပါ။
အသံဖိုင်နားထောင်ရန် |
|
အသံဖိုင်ယူရန်။ |