ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ဝန်ကြီးချုပ် ဖိတ်ကြား

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင် ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်ဖို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ရစဉ်

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံကို အရင်ဆုံးလာရောက်လည်ပတ်ဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းကိုလည်း ဂျပန်ဝန်ကြီးချုပ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

မစ္စတာ အာဘေးရဲ့ ချီးကျူးဂုဏ်ပြုစကားနဲ့ ဖိတ်ကြားချက်ကို မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်က NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org