ရခိုင်ပြည်နယ် နှစ်မြို့နယ် မှာ မွေးဖွားနှုန်း သတ်မှတ်တာ ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့ မိသားစုတစ်စု ကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ် အစိုးရက ကန့်သတ်လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။

မေလ ၂၇ ရက်နေ့က NLD ဗဟိုကော်မတီအစည်းအဝေး တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် photo: RFA/ Moe Thu Aung

ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့   မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့  ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်တာဟာ  ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို  ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

အန်င်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး တက်ရောက်လာရင်း သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် မေးမြန်းတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က  အခုလို ခွဲခြားဆက်ဆံမှုမျိုးထားရှိတာဟာ မသင့်လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ဒါပေမယ့်ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီမူဝါဒကို ကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာ သူ့အနေနဲ့ အတည်မပြု မပြောနိုင်သေးဘူးလို့လဲ ဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင်တစ်မယားစံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုးစုတွေ ပြဿနာကြီးထွားလာမှာစိုးရိမ်ပြီး အကောင်အထည်မဖော်ပဲ ဆိုင်းငံ့ထားတာဖြစ်ကြောင်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org