နေပြည်တော်က မြို့နယ် ရှစ်ခုမှာ ညမထွက်ရအမိန့် သက်တမ်းတိုး
စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်က မြို့နယ်ရှစ်ခုမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၁၇ ရက် မနေ့က သက်တမ်းတိုးထုတ်ပြန်ခဲ့ပါတယ်။
- 2022-09-18
-
-
-
စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်က မြို့နယ်ရှစ်ခုမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရအမိန့်ကို စက်တင်ဘာ ၁၇ ရက် မနေ့က သက်တမ်းတိုးထုတ်ပြန်ခဲ့ပါတယ်။
ဒီအမိန့်ကို ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဉ်းမနားနဲ့ လယ်ဝေး မြို့နယ်တွေက အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။
ညမထွက်ရ အမိန့်ဟာ ည ၁၂ နာရီကနေ မနက်လေးနာရီအထိ သတ်မှတ်ထားပါတယ်။ ဒီ့အပြင် လမ်းမကြီးတွေ၊ အများပြည်သူသွားရာ လမ်းတွေ၊ လမ်းကြား၊ လမ်းသွယ်၊ ဥယျာဉ်တွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်ရာ နေရာတွေမှာ လူငါးဦးနဲ့အထက် မစုဝေးဖို့ လည်း ဖော်ပြထားပါတယ်။
အများပြည်သူ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက် နိုင်တဲ့အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်တဲ့အတွက် လူတွေ စုဝေးတာ၊ ဟော ပြောတာ၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြုပြီး ဒါမှမဟုတ် လူကိုယ်တိုင်စီတန်း လှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေကို တားမြစ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေပြည်တော်က မြို့နယ်ရှစ်ခုမှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ညမထွက်ရ အမိန့်ကို စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ကစလို့ ထုတ်ပြန်ခဲ့ တာပါ။ အဲဒီအချိန်က ည ၈ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ခဲ့တာပါ။
အဲဒီနောက် ၂၀၂၁ ခုနှစ် မတ်လမှာတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိလို့ ပြင်ဆင်သတ်မှတ်ခဲ့ပြီး သက်တမ်းတိုးခဲ့ပါတယ်။