ရခိုင်ပြည်နယ်အတွက် အိမ် ၁ဝဝ တရုတ် လှူဒါန်း

ရခိုင်ပြည်နယ်က နေရပ်ရွှေ့ပြောင်းရသူတွေအတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်အလုံး ၁၀၀ လောက်ကို မြန်မာအာဏာပိုင်တွေကို တရုတ်နိုင်ငံက မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

တရုတ်နိုင်ငံက ရခိုင်ပြည်နယ်မှာ အိမ်အလုံး ၁၀၀ လှူဒါန်းပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်စဉ် Photo: MOI Webportal Myanmar

ရခိုင်ပြည်နယ်က နေရပ်ရွှေ့ပြောင်းရသူတွေအတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်အလုံး ၁၀၀ လောက် ကို မြန်မာအာဏာပိုင်တွေကို တရုတ်နိုင်ငံက မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အိမ်တစ်လုံးမှာ လူ ရှစ်ယောက်နေနိုင်ပြီး အနည်းဆုံး အနှစ် ၂၀ ခံတဲ့အပြင် ပြင်းအား ၈ ရှိတဲ့ ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းရသူတွေကို ဆက်လက်ကူညီထောက်ပံ့မယ်လို့ အိမ်တွေ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ပြောကြားပါတယ်။

ဒါတင်မက ဒေသစီးပွားရေး မြှင့်တင်ဖို့ ကျောက်ဖြူအထူးစီးပွားရေးဇုံ ဖွံံ့ဖြိုးရေးအတွက် ကူညီဖို့လည်း တရုတ်နိုင်ငံက ဆန္ဒရှိတဲ့အကြောင်းလည်း တဆက်တည်းပြောပါတယ်။

အခုလို မြန်မာနိုင်ငံကို အကူအညီပေးတဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ကျေးဇူးတင် စကား ပြောကြားပါတယ်။

တရုတ်နိုင်ငံဟာ ရေဘေးဒုက္ခသည်တွေအတွက် ၂၀၁၆ ဖေဖော်ဝါရီလတုန်းကလည်း ဒီလို အိမ်မျိုး ၁၃၂ လုံး လှူဒါန်းခဲ့ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org