ရဲတပ်ဖွဲ့ ဖွက်ထားတဲ့ စိတ်ကြွဆေးပြား ၃ သိန်း တွေ့ရှိဖမ်းဆီး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ကျောက်ပန္တုရဲကင်းစခန်းထဲမှာ ဖွက်ထားတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃ သိန်းနီးပါးကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လက်အောက်ခံ ကျောက်ပန္တုရဲကင်းစခန်းထဲ မှာ ဖွက်ထားတဲ့ WY မူးယစ်ဆေးပြားအရေအတွက် ၃ သိန်းနီးပါးကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အမှတ် (၂)နယ်ခြားစောင့် ရဲတပ်ခွဲမှူး ဒုတိယရဲမှူးကြီး တင့်ဇော်ဦးနဲ့ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေခဲ့ရာမှာ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ရဲကင်းစခန်းထဲက စားဖိုဆောင်ခန်း မြေကြီးထဲမှာသိုဝှက်မြုှပ်နှံထားတာကို တွေ့ရှိ ခဲ့ပါတယ်။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဒေသပေါက်ဈေးအရ ဆေးပြား တစ်ပြားကို ကျပ် နှစ်ထောင်နှုန်းနဲ့ တွက်ချက်ရင် ငွေကျပ် သိန်းပေါင်း ၅၈ဝဝ ကျော် တန်ဖိုးရှိပါတယ်။

အခုလိုတွေ့ရှိမှုနဲ့ ပတ်သက်ပြီး ကျောက်ပန္တုရဲကင်းစခန်းက ရဲကင်းမှူး မောင်မောင်လေး အပါအဝင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အလယ်သံကျော်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဆီကနေ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး မောင်တောမြို့ အခြေစိုက် နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် မောင်မောင်ခိုင်ထံRFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖုန်းလက်ခံဖြေဆိုသူက သူတိုဘာမှမသိရှိကြောင်းနဲ့ သက်ဆိုင်ရာ ကျောက်ပန္တုရဲကင်းစခန်းကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org