မြန်မာစစ်တပ်ထံ လက်နက်မရောင်းဖို့ အိန္ဒိယအစိုးရကို တောင်းဆို

အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာရပ်ဖို့၊ မြန်မာ စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် India For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၀ ရက် မနေ့ က အိန္ဒိယအစိုးရကို တောင်းဆို လိုက်ပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာမြို့မှာ လူသားချင်းစာနာမှု အကူအညီပေးရေး လှုပ်ရှားမှုကို ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့စဉ်

အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာရပ်ဖို့၊ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့အတွက် India For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၀ ရက် မနေ့ က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာမြို့မှာ လက်ကမ်းစာစောင်တွေဝေပြီး အဲဒီတောင်းဆိုတဲ့ လှုပ်ရှားမှု လုပ်ခဲ့တာလို့ ဒီအဖွဲ့ရဲ့ဦးဆောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။

"India အစိုးရက စကစ နဲ့ အလုပ်တွဲလုပ်တာ ရပ်တန့်ပေးဖို့နဲ့ စစ်ရှောင်တွေကိုတရားဝင် လက်ခံ ကူညီပေးဖို့။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ India နိုင်ငံအနေနဲ့ ပြည်သူနဲ့အတူရပ်တည်ကြောင်း အသံထွက်ပေးဖို့ပါ။ ဒီရလဒ်ရအောင် အိန္ဒိယပြည်သူတွေကို အကူအညီတောင်းပြီး သူတို့အစိုးရကို ဖိအားပေးဖို့ လုပ်တဲ့လှုပ်ရှားမှုပါ "

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့၊ လက်နက်ရောင်းချတာ ရပ်ဖို့၊ အိန္ဒိယရောက် မြန်မာစစ်ဘေး ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးဖို့တို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိခိုက်၊ သေဆုံးရတဲ့ အချက်အလက်တွေ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကို India For Myanmar အဖွဲ့က ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာလည်း အဲဒီလက်ကမ်း စာစောင်တွေ ဖြန့်ဝေခဲ့ကြသလို နယူးဒေလီ၊ အာသံပြည်နယ်၊ နာဂလန်း တို့မှာလည်း ဒီလှုပ်ရှားမှုတွေ ဆက်လုပ်ဖို့ ရှိနေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org