ကချင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရ
မြန်မာစစ်တပ်က ကချင်အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာကို ရပ်တံ့ပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ကချင်အမျိုးသမီးများ အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
-
2011-06-22 -
-
-

၂၀၁၁ ခုနှစ် ဇွန်လဆန်းအတွင်း ကချင်ပြည်နယ် တဝှမ်းမှာ မြန်မာ စစ်အစိုးရတပ်တွေက ကျူးလွန်ခဲ့သော မုဒိန်းမှုများကို ကချင်အမျိုးသမီးအဖွဲ့ KWAT ရဲ့ ကြေညာချက်မှာ မြေပုံဖြင့် ဖော်ပြထားပုံ။
KWAT
မြန်မာစစ်တပ်ဟာ ကေအိုင်အေ ကချင် လက်နက်ကိုင် တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကချင်ပြည်နယ် တဝှမ်းမှာ အမျိုးသမီးတွေ မုဒိမ်းပြုကျင့်ခံရတဲ့ အခြေအနေတွေ ဆိုးဝါး လာနေတယ်လို့ ကချင် အမျိုးသမီးများအဖွဲ့က
မရှယ်လီစိုင်းက RFA ကို ပြောပါတယ်။
စစ်တပ်သွားလာနေတဲ့ လမ်းကြောင်း တလျှောက်မှာ မြန်မာစစ်တပ်က သတ်လိုက် ဖြတ်လိုက်၊ ယောက်ျားတွေကို ပေါ်တာဆွဲလိုက်၊ အမျိုးသမီးတွေတွေ့ရင် အဖွါးကြီး မကျန် ကလေး မကျန် ရက်စက်စွာ မုဒိမ်း ပြုကျင့်ကြတယ် ဆိုတာကို
ကြားသိရကြောင်း မရှယ်လီစိုင်းက ပြောပါတယ်။
ကချင်ပြည်နယ် တဝှမ်းမှာ ဇွန်လ ၁၀ ရက်နေ့ ကနေ ၁၈ ရက်နေ့ အထိ အဓမ္မ ပြုလုပ်ခံရတဲ့ ကချင ်အမျိုးသမီး အနည်းဆုံး ၁၈ ဦးရှိသွားပြီ ဖြစ်ကြောင်း ကချင် အမျိုးသမီးများ အဖွဲ့က ပြောပါတယ်။
အထူးသဖြင့် မြန်မာ စစ်အစိုးရတပ်တွေ
ဖြစ်တဲ့ ခမရ-၂၃၁၊ ၁၄၁၊ ၁၃၉ နဲ့ ၄၃၇ တပ်တွေဟာ ဗန်းမော်ခရိုင် အတွင်းက မြို့နယ် လေးခုမှာ ဒေသခံ အမျိုးသမီးတွေကို အဓိက အဓမ္မ ပြုကျင့်ခဲ့ကြကြောင်း၊ ပြုကျင့်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်ကစလို့ ၅၀ ဝန်းကျင် အရွယ်အထိ
ပါဝင်ကြောင်း၊ စစ်တပ်ရဲ့ အထက် အမိန့်အရ ကျူးလွန်ခဲ့ကြတာ ဖြစ်နိုင်ကြောင်း KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ မရှယ်လီစိုင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |