ဗြိတိန်နိုင်ငံခြားရေး ဒုဝန်ကြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရခိုင်ပြည်နယ်က ပဋိပက္ခ၊ ကချင်ပြည်နယ်က စစ်ပွဲနဲ့ ရန်ကုန်မှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်တို့နဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swire ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Hugo Swireက မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်စဉ်။ Photo:RFA/Moe Thu Aung

အဲဒီ သတင်းစာရှင်းလင်းပွဲမှာ Mr.Hugo Swire uရန်ကုန်မြို့ကိုပေးနေတဲ့ လျှပ်စစ်က ၁၉၄၀ လောက်ကလုပ်ခဲ့တာဆိုတော့ အတော့်ကို ဟောင်းနေပါပြီ အစားထိုးဖို့လိုအပ်တယ်လို့ ကျွန်တော်တောင် စဉ်းစားမိပါတယ်။ လုပ်ငန်းကြီးပါပဲ၊ အိမ်တွေမီးရဖို့ လေ့လာချက်တွေလုပ်ဖို့ အများကြီးလိုအပ်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗြိတိန်သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ လာမယ့် ၁၀ နှစ်မှာ လျှပ်စစ် ၁၀ဆ တိုးပေးဖို့ မြန်မာနိုင်ငံမှာ လိုအပ်တာကိုကူညီဖို့  ရည်ရွယ်ချက်နဲ့ စွမ်းအင်ကဏ္ဍကိုအလေးထားတဲ့ ကုန်သွယ်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကိုလာတာလို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ရိုဟင်ဂျာတို့ သင့်မြတ်လာရင်  ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့အကြောင်း၊  အမုန်းတရားတွေပျောက်ကွယ်လို့ အတူတကွအလုပ်တွေလုပ်နိုင်ပြီး လူသားချင်းစာနာထောက်ထားမှုတွေပါ ရရှိလာမယ့်အကြောင်းလည်း ပြည်တွင်းသတင်းမီဒီယာတွေကို ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org