ဦးတင်ဦး၏ မျက်စိ ခွဲစိတ်ကုသမှု အောင်မြင်
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဘယ်ဘက် မျက်လုံး စက်တင်ဘာ ၃၀ ရက် ဒီကနေ့ ခွဲစိတ်ကုသခဲ့တာမှာ ၂ နာရီနီးပါး ကြာတဲ့ ခွဲစိတ်မှုဟာ အောင်မြင်တယ်လို့ ဆရာဝန်တွေက ပြောကြောင်း ဆေးရုံမှာ ရှိနေတဲ့ ဦးတင်ဦးရဲ့ သားဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။
-
2010-09-30 -
-
-
ဦးတင်ဦးကို ဒီကနေ့
စင်ကာပူ စံတော်ချိန် မွန်းလွဲသုံးနာရီက ခွဲစိတ်ခဲ့တာမှာ ညနေ ၅နာရီမှ ပြီးဆုံးတာဖြစ်ပါတယ်။
ခွဲစိတ်ခန်းက ထွက်လာပြီး ခွဲစိတ်ကုသမှု အောင်မြင်တယ်လို့ ဆရာဝန်က ပြောကြောင်း သားဖြစ်သူ
ကိုသန့်ဇင်ဦးကပြောပါတယ်။
မျက်လုံး ခွဲစိတ်ကုသမှုဟာ အောင်မြင် ချောမွေ့စွာပဲ ပြီးစီးသွားပြီး မေ့ဆေးပြယ်လို့ သတိပြန်လည်လာပြီ ဖြစ်ကြောင်း သူက ပြောပါတယ်။ မျက်စိတဖက်ကိုတော့ အုပ်ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဦးတင်ဦးဟာ ဘယ်ဖက်မျက်လုံးမှာ သွေးယိုတဲ့ရောဂါကြောင့်ခုလို ခွဲစိတ်ကုသမှု ခံယူရတာ ဖြစ်ပါတယ်။ ဆေးရုံမှာ ဘယ်လောက်ကြာကြာ ဆက်နေရဦးမလဲဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေကို မသိရသေးကြောင်း ကိုသန့်ဇင်ဦးက ပြောပါတယ်။