သူရဦးတင်ဦး ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပို့

RFA Burmese
2024.06.02
သူရဦးတင်ဦး ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦး၏ ဈာပနသို့ ၂ဝ၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သည့် လွမ်းသူ့ပန်းခြင်း။
Photo: Citizen Journalist

စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရတင်ဦးရဲ့ ဈာပနကို ဇွန်လ ၂ ရက်နေ့က လွမ်းသူပန်းခြင်း ပေးပို့ခဲ့ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ သူရဦးတင်ဦး ရုပ်အလောင်းထားရှိရာ ဗဟန်းမြို့နယ်နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ပန်းခြင်းကို စစ်ကောင်စီ တာဝန်ရှိသူတွေလာပို့သွားတာလို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက RFA ကို ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၉၈) နှစ်ရှိပြီဖြစ်တဲ့ သူရဦးတင်ဦးရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့မှာ ရေဝေးသုသာန်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သူရဦးတင်ဦးဟာ ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီစတင်ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။

သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်နေ့ကနေ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့အထိ တပ်မတော်မှာ စတုတ္ထမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တပ်မတော်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။