ပဲခူး ရွှေသာလျောင်းဘုရားဝင်းမှာ မီးလောင်မှုဖြစ်

ပဲခူးတိုင်း၊ ပဲခူးမြို့ နာမည်ကျော် ရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းမှာ၊ ဧပြီလ ၁၄ ရက် ဒီနေ့မနက်စောစော ၃ နာရီဝန်းကျင်လောက်က မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးမြို့က ရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းမှာ ၂၀၂၁၊ ဧပြီ ၁၄ ရက် မနက်စောစောမှာ မီးလောင်ကျွမ်းနေတာကို တွေ့ရစဉ် Photo: Citizen Journalist

ပဲခူးတိုင်း၊ ပဲခူးမြို့ နာမည်ကျော် ရွှေသာလျောင်းဘုရားကြီးဝင်းအတွင်းမှာ၊ ဧပြီလ ၁၄ ရက် ဒီနေ့ မနက် စောစော ၃ နာရီဝန်းကျင်လောက်က မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုရားဝင်းအတွင်းက လူနေဆိုင်ခန်း ငါးခု မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၆ နာရီကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

ဘာကြောင့် မီးလောင်ရသလဲဆိုတဲ့အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။

ပဲခူးမြို့မှာ ဧပြီလ ၉ ရက်နေ့က လူထုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် လူ ၈၀ ကျော် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လူဦးရေ တစ်ထောင်ကျော်ခန့် အနီးအနား ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org