ကချင်ပြည်နယ်မှာ အစိုးရစစ်တပ် ယာဉ်တန်း တိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်း မြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရစစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ အတွက် အနီးဝန်းကျင်က ခရီးသွားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ပြော ပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်တစ်ခု တပ်စွဲထားစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇွပ်ကျေးရွာအနီးမှာ အစိုးရ စစ်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်က ခရီးသွား တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိတယ်လို့ ကချင်ပြည် နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖားကန့်ကနေ မိုးကောင်းကိုလာတဲ့ စစ်ယာဉ်တန်းဟာ မနေ့က တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးချစ်ဦးက ပြောပါတယ်။

"ဖားကန့်ကနေ ကာမိုင်းကိုသွားတဲ့တပ်မတော် ယာဉ်လိုင်းကို KIA အဖွဲ့ကအဝေးကနေ လက်နက် ကြီးနဲ့ပစ်တယ်၊ အဲ့လိုပစ်ခတ်နေတဲ့အချိန်မှာပဲ မိုးကောင်းဘက်ကနေ ဖားကန့် ကိုလူနှစ်ယောက် ဆိုင်ကယ်စီးပြီးတော့လာတယ်၊ အဲ့လိုစီးလာတဲ့အချိန်မှာပဲ ဟိုဖက်က ပစ်လိုက်တဲ့လက်နက်က ဆိုင်ကယ်ကို ထိမှန်တယ်၊ တစ်ယောက်သေဆုံး တယ်၊တစ်ယောက်က အပြင်းအထန်ဒဏ်ရာရတယ် "

မိုးကောင်း-ဖားကန့်လမ်းပေါ် နန့်ဟိုင်ကျေးရွာနဲ့ လဘန်ကထောင်ကျေးရွာတွေမှာ မနေ့က မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့တယ် လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အစိုးရတပ်မ ၆၆ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်ရင်း ၆ တို့ အကြား ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org