မုံရွာသတင်းထောက် သတ်ဖြတ်ခံရမှု ထိရောက်စွာ အရေးယူဖို့ APFEJ တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် (Asia-Pacific Forum of Environmental Journalists) APFEJ လို့ အတိုကောက်ခေါ်တဲ့ အာရှပစိဖိတ် ပတ်ဝန်းကျင်ရေးရာဆိုင်ရာ စာနယ်ဇင်းသမားများ အသင်းက မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ Daily Eleven သတင်းစာက သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဖေါ်ထုတ်အရေးယူနေတာတွေကို ချီးကျူးပါကြောင်း တပြိုင်နက်မှာ ဖမ်းဆီးထားသူတွေကို တရားဥပဒေနဲ့အညီ စီရင်စေလိုကြောင်း မနေ့က တိုက်တွန်းပြောကြားလိုက် ပါတယ်။

အသတ်ခံရတဲ့ Eleven Media Group ဂျာနယ်သတင်းထောက် ကိုစိုးမိုးထွန်း ပုံ Photo: Soe Moe's Facebook

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် (Asia-Pacific Forum of Environmental Journalists) APFEJ လို့ အတိုကောက်ခေါ်တဲ့ အာရှပစိဖိတ် ပတ်ဝန်းကျင်ရေးရာဆိုင်ရာ စာနယ်ဇင်းသမားများ အသင်းက မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ Daily Eleven သတင်းစာက သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရ ရဲ့ ဖေါ်ထုတ်အရေးယူနေတာတွေကို ချီးကျူးပါကြောင်း တပြိုင်နက်မှာ ဖမ်းဆီးထားသူတွေကို တရားဥပဒေနဲ့အညီ စီရင်စေလိုကြောင်း မနေ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။

APFEJအသင်းရဲ့ ထုတ်ပြန်ချက်မှာ သစ်မှောင်ခိုမှုအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ရေးသားနေတဲ့ ကိုစိုးမိုးထွန်းလို သတင်းထောက်တစ်ဦး အသတ်ခံရတဲ့ကိစ္စဟာ ထိထိရောက်ရောက် အရေးယူရမယ့် ကိစ္စဖြစ်ပါကြောင်း၊ ဒါကြောင့် ပွင့်လင်းမြင်သာစွာ အရေးယူပေးစေလိုကြောင်း၊ ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့ ကိုစိုးမိုးထွန်းရဲ့ ကျန်ရစ်မိသားစုကိုလည်း စောင့်ရှောက်ကူညီစေလိုကြောင်း စသဖြင့်ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၉ ကစပြီး ကိုပါကြီး၊ ကင်ဂျိ နာဂါအိ၊ စသဖြင့် သတင်းထောက် ၅ ဦးမက အသက်ဆုံးခဲ့ရတာ ကိုလည်း APFEJ အသင်းရဲ့ကြေညာချက်မှာ ထောက်ပြထားပြီး မြန်မာအစိုးရအနေနဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို တာဝန်ယူဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org