ABSDF အဖွဲ့က ဦးမင်းဌေး လွတ်မြောက်

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဌေးကို ကချင်ပြည်နယ် မိုးမောက်မြို့နယ်တရားရုံးက ဒီနေ့ စီရင်ချက်ချရာမှာ တရားသေလွှတ်ပေးခဲ့ပါတယ်။

ABSDF အဖွဲ့က ကိုမင်းဌေး ကို တွေ့ရစဉ် Photo: Ko Moe's Facebook

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဌေးကို ကချင်ပြည်နယ် မိုးမောက် မြို့နယ်တရားရုံးက ဒီနေ့ စီရင်ချက်ချရာမှာ တရားသေလွှတ်ပေးခဲ့ပါတယ်။

ABSDF အဖွဲ့ရဲ့ ဒုဥက္ကဌဖြစ်သူ ဦးမျိုးဝင်းက ကိုမင်းဌေးလွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဒီနေ့တော့ နောက်ဆုံးအပြီးသတ်တရားရုံးမှာ စီရင်ချက်ချတဲ့နေ့ပေါ့နော်၊ ကိုမင်းဌေးကို တရားသေ တရားရုံးကနေ လွတ်ပေးတာပေါ့နော်၊ နှစ်ဖက်တရားလိုပြ သက်သေတွေရယ် ကိုမင်းဌေးရယ် ကျွန်တော်တို့အဖွဲ့အစည်းရယ် စစ်ဆေးပြီးမှာ ဒီအမှုစစ်ဆေးပြီးတဲ့နောက်မှာ တရားရုံးအနေနဲ့ တရားသေလွှတ်ပေးတာဖြစ်ပါတယ်"

ကိုမင်းဌေးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဗန်မော်-လွယ်ဂျယ်လမ်းပေါ် မိုးမောက်မြို့ရဲ့ အရှေ့ဘက် မိုင် ၂၀ ကျော်အကွာ စိန်လုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဦးမင်းဌေးကို ဖမ်းဆီးစစ်ဆေးပြီးတဲ့နောက်မှာ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် စကခ - ၂၁ က ဗိုလ်ကြီးအဆင့်ရှိတဲ့ တပ်မတော်အရာရှိတစ်ဦးက မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။ဦးမင်းဌေးဟာ ကေအိုင်အေအတွက် အကျိုးဆောင်ပေးခဲ့တဲ့အတွက် အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

သူဟာ ဗန်းမောင်အကျဉ်းထောင်မှာ ၈ လနီးပါး ကြာဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org