စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု ငြိမ်းချမ်းရေးအတွက် ရင်လေးကြောင်း ULA/AA ထုတ်ပြန်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိသလို မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးအတွက် ရင်လေးမိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် Photo: AA

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်တဲ့အပေါ် မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူလူထု တစ်ရပ်လုံးနဲ့ထပ်တူ ဝမ်းနည်းခံပြင်းမိသလို မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ငြိမ်းချမ်းရေးအတွက် ရင်လေးမိတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ULA က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနဲ့ ဦးအောင်သူရဇော် (ခ) ကိုကတုံးတို့ လေးဦးကို သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီပိုင်သတင်းစာမှာ ဒီကနေ့ တရားဝင် ထုတ်ပြန်ခဲ့တာပါ။

ဒီလုပ်ရပ်ဟာ နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအသိုင်းအဝိုင်းက ကမကထပြု လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်မယ့် နိုင်ငံရေးအလားအလာ လမ်းစ ကောင်းတွေကို စစ်ကောင်စီက ရင့်သီးစွာ ခြေနဲ့ နင်းခြေဖျက်ဆီးပစ်လိုက်တာလို့လည်း ULA/AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက ပြည်သူလုထုတစ်ရပ်လုံးရဲ့ ဒေါသနဲ့ မခံချင်စိတ်ကို နှိုးဆွစိန်ခေါ်လိုက်တာ ဖြစ်ပြီး မြန်မာပြည်သူ လူထုတစ်ရပ်လုံးက တုံ့ပြန်လာမယ့် နောက်ဆက်တွဲ အခြေအနေ တွေကိုလည်း စိုးရိမ်မိတယ်လို့ AA က ပြောထားပါတယ်။

သေဒဏ်စီရင်ပြီးစီးကြောင်း ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေ ၃ နာရီကျော်အထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကလည်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်လိုက်တာဟာ စစ်ကောင်စီရဲ့ မိုက်မဲမှုဖြစ်ကြောင်းနဲ့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org