Relief International အဖွဲ့လုပ်ငန်း မြေပုံမြို့ခံလူများ ကန့်ကွက်

နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ Relief International က မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေအတွက် ရေ ချိုးခန်းနဲ့ အိမ်သာ အဆောက်အဦးတွေ ဆောက်လုပ်ပေး မယ့်အစီအစဉ်တွေကို မြေပုံမြို့ခံ ၈၀၀ လောက်က မနေ့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Relief International က မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်တွေအတွက် ရေချိုးခန်းနဲ့ အိမ်သာ အဆောက်အဦးတွေ ဆောက်လုပ်ပေးမယ့်အစီအစဉ်တွေကို မြေပုံမြို့ခံ  ၈၀၀ လောက်က မနေ့က ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာအခြေစိုက်တဲ့ Relief International အဖွဲ့အနေနဲ့ မြေပုံမြို့ပေါ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အကူအညီပေးတဲ့ကိစ္စရပ်တွေမှာ ဘက်လိုက်မှုရှိနေတဲ့အတွက် အခုလို ကန့်ကွက်ရတာဖြစ်တယ်လို့ ကန့်ကွက်ရာမှာပါဝင်တဲ့ မြို့ခံအမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။

မြေပုံမြို့မှာရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းအတွက် ရေချိုးခန်းနဲ့ အိမ်သာအဆောက်အဦးတွေအတွက် ဘိလပ်မြေနဲ့ သံချောင်းပစ္စည်းတွေကို သင်္ဘောဆိပ်ကနေ ပစ္စည်းတွေတင်နေရာမှာ မြို့ခံတွေက လာရောက်ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲအရာရှိတွေက လာရောက်ဖြေရှင်းခဲ့တဲ့အတွက် ပြေလည်မှုအချို့ ရရှိခဲ့ကြတယ်လို့လည်းသိရပါတယ်။

အခုလို ဒေသခံတွေက ကန့်ကွက်ခဲ့ကြတဲ့အပေါ်မှာ Relief International အဖွဲ့ ပြင်ပဆက်ဆံရေးအရာရှိ ဒေါ်ဌေးဌေးဇော် က ပြောပါတယ်။

“လူဦးရေအရ ရခိုင်ထဲမှာ ဒုက္ခသည်နည်းတယ်၊ မွတ်စလင်ထဲမှာတော့ ဒုက္ခသည်များတာပေ့ါနော်၊ ခွဲခြားပြီးတော့ လုပ်ပေးတာမဟုတ်ပါဘူးရှင်”


သူတို့ ရဲ့ Relief International အဖွဲ့အနေနဲ့ မြေပုံမြို့နယ်အတွင်း လူမျိုးဘာသာမရွေး အကူအညီတွေ ပေးနေတာဖြစ်တယ် လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org