မြန်မာပိုင်နက်ထဲ အဆောက်အဦး တိုးချဲ့မှုထပ်မံ ဆန္ဒပြ

စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ် မှာရှိတဲ့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်နိမိတ် အငြင်းပွားနေတဲ့ BP-77 နဲ့ BP-79 နယ်နိမိတ် မှတ်တိုင်နေရာတွေမှာ အိန္ဒိယနိုင်ငံ ဘက်က အဆောက်အအုံ တိုးချဲ့ဆောက်လုပ်နေတဲ့ နေရာ ကို နှစ်ဖက်ပြည်သူတွေ ထိခိုက်မှု မရှိဘဲ မြန်မာ အစိုးရက ပြန်လည်ရယူပေးဖို့နဲ့ နယ်နိမိတ် မိုင်တိုင်တွေကို အမြန်ဆုံး တိတိကျကျ သတ်မှတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ပါ ကြေငြာချက် တရပ်ကို မင်းကင်းနဲ့ တမူး ဒေသခံတွေက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့နယ်မှာရှိတဲ့ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား နယ်နိမိတ်အငြင်းပွားနေတဲ့  BP-77 နဲ့ BP-79  နယ်နိမိတ်မှတ်တိုင်နေရာတွေမှာ အိန္ဒိယနိုင်ငံဘက်က အဆောက်အအုံ တိုးချဲ့ဆောက်လုပ်နေတဲ့ နေရာကို နှစ်ဖက်ပြည်သူတွေ ထိခိုက်မှု မရှိဘဲ မြန်မာအစိုးရက ပြန်လည်ရယူပေးဖို့နဲ့ နယ်နိမိတ်မိုင်တိုင်တွေကို အမြန်ဆုံး တိတိကျကျသတ်မှတ်ပေးဖို့ အပါအဝင် အချက် ၁၀ ချက်ပါ ကြေငြာချက် တရပ်ကို မင်းကင်းနဲ့ တမူး ဒေသခံတွေက ထုတ်ပြန်လိုက်ပါတယ်။

မင်းကင်းမြို့မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲမှာ ခုလို တောင်းဆိုခဲ့တာပါ။

ပိုင်နက်အငြင်းပွားတဲ့ နေရာမှာ  အဆောက်အဦးလာရောက် ဆောက်လုပ်တာကြောင့် ဒေသခံတွေ အနေနဲ့ လက်မခံနိုင်ဘူးလို့ ဆန္ဒပြခေါင်းဆောင် တဦးဖြစ်တဲ့ ချင်းတွင်းလူငယ်ကွန်ယက်က ကိုကျော်က ပြောပါတယ်။

" ကျွန်တော်တို့လုပ်တာက အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးပေါ့ အစိုးရအနေနဲ့ တာဝန်ရှိကြောင်းပေါ့၊ အစိုးရက မျက်ကွယ်မပြုရဘူးပေါ့၊ ဒါမျိုးတွေဆိုရင် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ကာကွယ်ရမယ့် ဝတ္တရားကတော့ ကျွန်တော်တို့မှာ အဲ့လောက်ကြီးမရှိဘူးလေ၊ အဲ့ဒါကြောင့်မို့ အစိုးရအဖွဲ့ကိုသိအောင် ကျွန်တော်တို့က ဆန္ဒထုတ်ဖော်တဲ့ သဘောပါ"

အဲဒီကြေငြာချက်မှာ ပိုင်နက်အငြင်းပွားတဲ့နေရာမှာ အဆောက်အဦး လာရောက် ဆောက်လုပ်တဲ့အတွက် အိန္ဒိယ အစိုးရကို ရှုံ့ချထားပါတယ်။

မြေတိုင်းကျွမ်းကျင် ပညာရှင်တွေ၊ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး နယ်နိမိတ် တိုင်းတာရေးစီမံချက် ရေးဆွဲခွင့်ပြုဖို့နဲ့ နှစ်နိုင်ငံအငြင်းပွားနေတဲ့နေရာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပေးဖို့လဲ တောင်းဆိုထားပါတယ်။

ဒီဆန္ဒပြပွဲဟာ အခုလ ၂၄-ရက်နေ့က တမူးမြို့နဲ့ ၂၇ ရက်နေ့က ကလေးမြို့တို့မှာ ပြုလုပ်ခဲ့ကြတဲ့ နယ်စပ်အရေးနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေအပြီး တတိယအကြိမ်မြောက် ပြုလုပ်တဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org