ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)နဲ့ အမှုဖွင့်

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက ဒီနေ့ ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးကို ၂၀၁၉၊ မတ်လ ၂ ရက်နေ့က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် Photo: Min Thein Aung/ RFA

ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး ကို မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂) တို့နဲ့ တပ်မတော်က အမှုဖွင့်ထားတယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး မောင်မောင်စိုးက ဒီနေ့ ပြောလိုက်ပါတယ်။

အဲဒီကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးဟာ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ တပ်မတော်က တင်ပြလာတဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဒီနေ့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို အစည်းအဝေးခန်းမထဲကနေ ဖမ်းဆီးသွားတာနဲ့ ဆက်နွယ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၉၀ လောက်က ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘူး ဆိုပြီး မနေ့က စုပေါင်းလက်မှတ်ရေးထိုးပြီးတော့ နုတ်ထွက်ခွင့်တင်ပြလိုက်ကြပါတယ်။

အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူး ၉၀ လောက် နုတ်ထွက်ခွင့်တင်တဲ့ကိစ္စကိုတော့ လတ်တလောမှာ ခွင့်မပြုသေးဘဲ တစ်ဦးချင်းစီက နုတ်ထွက်ခွင့်တင်ပြမှသာ ဥပဒေနဲ့အညီ နုတ်ထွက်ခွင့်ပြုမှာဖြစ်တယ်လို့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးမောင် က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မနေ့က နုတ်ထွက်တယ်ဆိုပြီး စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ အုပ်ချုပ်ရေးမှူးပေါင်း ၈၆ ဦးရှိပြီး အခုလို စုပေါင်းတင်ပြတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ တင်ပြလာမယ်ဆိုရင် နုတ်ထွက်ခွင့်ပြုဖို့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့လည်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org