၂ဝ၁၅ တွင် ရခိုင်ပြည်နယ် လူ့စွမ်းအားမြင့်တင်ရေးစီမံ ချက်များကို UNDP ဦးစားပေးမည်

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ်က စတင်ပြီး လူ့စွမ်းအား အရည်အသွေးမြှင့်တင်နိုင်မယ့် စီမံ ချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Simonetta Rossi က ပြော ကြားလိုက်ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ်ကစတင်ပြီး လူ့စွမ်းအား အရည်အသွေးမြှင့်တင်နိုင်မယ့် စီမံချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Simonetta Rossi က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးအကူအညီတွေပေးနေတာနဲ့ပတ်သက်ပြီး RFA က မနေ့က တွေ့ဆုံ မေးမြန်းခဲ့ရာမှာ Ms. Simonetta Rossi က  အခုလိုပြောဆိုခဲ့တာပါ။

အဲဒီ စီမံချက်ပမာဏကိုတော့ အစိုးရနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ်မူတည်ပြီး ဖွံ့ဖြိုးရေး စီမံချက်တွေအပေါ်မှာ ထပ်မံဖြည့်စွက်တဲ့အနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ် လို့ပြောပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ အခုလက်ရှိမှာစစ်တွေ၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ၊ပေါက်တောစတဲ့ မြို့နယ် ၆ ခုက ကျေးရွာပေါင်း ၆၃ ရွာမှာ ဖွံ့ဖြိုးရေးအကူအညီတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်မှာ စံပြကျေးရွာအဖြစ်သတ်မှတ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီတွေ ဆောင်ရွက်နေတဲ့ အုန်းရေပေါ်ကျေးရွာမှာလည်း ကျေးရွာဖွံ့ဖြိုးရေးအကူအညီတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံက ဒေသခံတွေနဲ့ မနေ့က တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org