ရခိုင်မှာ ၁၀၂၇ စစ်ဆင်ရေး အစပိုင်းရောက်နေတယ်လို့ မြောက်ပိုင်းသုံးဖွဲ့ ပြော

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာပါ စတင်နေတဲ့ အခြေအနေဖြစ်နေပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ အမှတ်စဉ် (၃) အရာရှိ လေ့ကျင့်ရေး သင်တန်းဆင်းပွဲအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်မှာ တွေ့ရစဉ်။ AA Info Desk

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ရခိုင်ပြည်နယ်မှာပါ စတင်နေတဲ့ အခြေအနေဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှု၊ မီဒီယာသမားတွေကို ဖမ်းဆီးမှု၊ အရပ်ဘက်အဖွဲ့အစည်းတွေကို စစ်ဆေးတင်းကျပ်မှု လုပ်လာတာတွေအပြင် တပ်စခန်းတွေကနေ လက်နက်စမ်းသပ် ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ဆင်ရေးရဲ့ အစဖြစ်နေပြီလို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုထားတာပါ။

စစ်ကောင်စီဟာ အောက်တိုဘာလကုန်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်းက မီဒီယာတချို့ရဲ့ ရုံးခန်းတွေကို ဝင်ရောက်စီးနင်း၊ ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရက္ခိင့်တပ်တော် (AA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရဲ့ ရှမ်းပြည်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေနဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော် သိမ်းယူထားနိုင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန် ထားပါတယ်။

စစ်ကောင်စီကတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်အစိတ်စိတ် ကွဲနိုင်တယ်လို့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org