မြောက်ဥက္ကလာ အကြမ်းဖက်ပစ်ခတ်မှု သေဆုံးသူရုပ်အလောင်း ပိုင်ရှင်တွေ့လို့ သင်္ဂြိုဟ်
အသက် ၄၇ နှစ်၊ ဦးထွန်းမောင် ဟာ မတ် ၃ ရက်နေ့က သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က နေအိမ်ကနေ ပုဂ္ဂလိကဆေးရုံ OSC ကိုသွားရင်း လမ်းမှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြပွဲတွေ့ပြီး ဝင်ရောက်ဆန္ဒပြခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆန္ဒပြပွဲအတွင်း သေဆုံးသွားခဲ့ပါတယ်။
မိသားစုဝင်တွေက သူသေဆုံးမှုကို မသိခဲ့ပါဘူး။ မြောက်ဥက္ကလာ အကြမ်းဖက်မှုဖြစ်ပြီးနောက် သူ့ကို အဆက်အသွယ်မရလို့ နောက်နေ့မှာ လူပျောက်တိုင်တာ၊ ဆေးရုံမှာ သွားရှာတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
သေဆုံးပြီး ၂ ရက်မြောက်နေ့ မတ် ၅ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံမှာ သူ့ကိုရှာတွေ့ခဲ့ပြီး ၆ ရက်နေ့မှာ ခန္ဓာကိုယ်ကို ပြန်ရခဲ့တာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ဦးထွန်းမောင်ကို ဒီနေ့ မတ်လ ၈ ရက်နေ့မှာ ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဦးထွန်းမောင်ဟာ ခွေးအကိုက်ခံထားရတဲ့ ဒဏ်ရှိတာကြောင့် မပြေးနိုင်သလို အသဲရောဂါအခံရှိသူဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။