အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီနဲ့ ကိုညီညီအောင်ထက်နိုင်တို့ နှစ်ဦးကို သင်္ဂြိုဟ်
2021.03.02
ဖေဖော်ဝါရီ ၂၈ ရက်နေ့က အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြရင်း စစ်ကောင်စီ ရဲ့ အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အလယ်တန်းပြဆရာမ ဒေါ်တင်နွဲ့ရီ နဲ့ လှည်းတန်းမှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ ကိုညီညီအောင်ထက်နိုင်တို့ကို ဒီနေ့ သင်္ဂြိုဟ်ခဲ့ပါတယ်။
ဆရာမ ဒေါ်တင်နွဲ့ရီကို လှိုင်သာယာထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ကိုညီညီအောင်ထက်နိုင်ကို ရွှေပြည်သာ၊ လှော်ကားသုသာန် ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။
သူတို့ရဲ့ နောက်ဆုံးခရီးကို လူဦးရေ သိန်းနဲ့ချီ ပို့ဆောင်ခဲ့ပါတယ်။ အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစားရင်း အသက်သေဆုံးခဲ့ရသူတွေရဲ့ နာရေးကို လာရောက်ပို့ဆောင်ခဲ့သူတွေက စစ်အာဏာရှင် မကျဆုံး မချင်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။