အမျိုးသမီးများနေ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်က ဆန္ဒပြပွဲမြင်ကွင်း

2021.03.08

ရန်ကုန်မြို့၊ တာမွေမြို့နယ် သြဘာလမ်းအနီးက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ပြည်သူတွေကို ရဲနဲ့ စစ်သားတွေက ဒီနေ့အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ပါတယ်။

မတ် ၈ ရက်နေ့ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် အမျိုးသမီးတွေ အမြောက်အမြား ပါဝင်ပြီး ရဲနဲ့ စစ်သားတွေ ဝင်လာမယ့်လမ်းကြောင်းတွေမှာ အမျိုးသမီး ထဘီကြိုးတန်းတွေ ကို တားဆီးပြီး ထဘီကိုအလံအဖြစ်အသုံးပြုပြီး လွှင့်ထူဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။