ရှမ်းပြည်လွှတ်တော် အားကောင်းဖို့ တိုင်းရင်းသားပါတီတွေနဲ့ NLD ပူးပေါင်းဖို့လို
ကံသာ
2020.11.20
2020.11.20
ရှမ်းပြည်နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နဲ့ တိုင်းရင်းသားပါတီတွေ ဒီနှစ်ရွေးကောက်ပွဲမှာ ပိုမိုအနိုင်ရခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပါတီတွေ တပ်မတော်သားကိုယ်စားလှယ်တွေ ပေါင်းတဲ့ အရေအတွက်က ပိုများနေပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ်လွှတ်တော်မှာ NLD ပါတီ အားကောင်းဖို့ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ပိုမိုပူးပေါင်းသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ မြို့နယ်ငါးဆယ်က ပြည်သူရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးစီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမပါဘဲ ရှမ်းပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ခုနှစ်ဦး စုစုပေါင်း ၁၀၇ ဦး ပါဝင်ရမှာပါ။ အဲဒီကိုယ်စားလှယ်တွေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် သုံးဆယ်ခြောက်ဦးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီ အမည်စာရင်းတင်သွင်းတဲ့သူတွေ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲစတင်ချိန်မှာ ရှမ်းပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့က လွှတ်တော်ကိုယ်စားလှယ်တွေ အဓိကနေရာ ရရှိခဲ့တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာတော့ ရှမ်းပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အတိုက်အခံပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက လွှတ်တော် ကိုယ်စားလှယ်နေရာ အတော်များများရရှိခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းအရ ၂၀၁၅ ခုနှစ်မှာ ရှမ်းပြည်နယ်လွှတ်တော်မှာ NLD ပါတီက ၂၁ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂၄ ဦး၊ တအာင်းပလောင် အမျိုးသားပါတီက ခုနှစ်ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ၆ ဦး၊ " ဝ " ဒီမိုကရက်တစ်ပါတီက နှစ်ဦး၊ လားဟူ၊ ကိုးကန့်နဲ့ " ဝ " အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီက တစ်ဦးစီရရှိခဲ့ပါတယ်။ တိုင်းရင်းသားရေးရာအတွက်နေရာအတွက် ခုနှစ်ဦးရရှိခဲ့တဲ့အတွက် စုစုပေါင်းပြည်သူ ရွေးကောက်ခံကိုယ်စားလှယ်က ၁၀၃ ဦး ရှိခဲ့ပါတယ်။
ပြည်နယ်လွှတ်တော်က ပြည်သူရွေးကောက်ခံလွှတ်တော်အမတ် ၁၀၃ ဦးရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၃၄ ဦးကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ မှာ NLD က တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ရှမ်းပြည်နယ် လွှတ်တော်မှာတော့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက အဓိက အသာစီးရခဲ့တာပါ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျေးသီး၊ မိုင်းရှုးမြို့နယ်တွေမှာ SNLD ပါတီက လေးနေရာ အနိုင်ရခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကျိုင်းတုံမှာ တစ်နေရာရရှိခဲ့ပါတယ်။ NLD ကတော့ ညောင်ရွှေမှာ တစ်နေရာ ထပ်မံနိုင်ခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်အတွက်အဓိကကျတဲ့ သဘာပတိနေရာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ နေရာတွေကို ရွေးချယ်တာမှာ NLD နဲ့ SNLD ပါတီက ကိုယ်စားလှယ်တွေ ဝင်ရောက် အရွေးခံပေမယ့် မဲခွဲတာမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်အရွေးခံခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ဒေါ်နန်းခင်ဒီထားရီက တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပူးပေါင်းပြီး ပေးခဲ့တဲ့မဲတွေကို NLD နဲ့ တိုင်းရင်းသားပါတီတွေက မယှဉ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ လက်ရှိပါတီအလိုက် အနိုင်ရထားတဲ့စာရင်းတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၉ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ၂၆ နေရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂၄ နေရာ၊ တအာင်းပလောင်ပါတီက ခုနှစ်နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ခုနှစ်နေရာ၊ " ဝ " အမျိုးသာပါတီက နှစ်နေရာ၊ လားဟူပါတီ၊ ကျားဖြူပါတီနဲ့ တစ်သီးပုဂ္ဂလ တစ်နေရာစီ ရရှိထားပါတယ်။ တိုင်းရင်းသားရေးရာ လူမျိုးခုနှစ်နေရာမှာ NLD ပါတီက လေးနေရာ၊ လားဟူပါတီ၊ တစ်သီးပုဂ္ဂလတစ်ဦး၊ ကယန်းအမျိုးသားပါတီက တစ်နေရာ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၅ ထက် ၂၀၂၀ မှာ NLD ပါတီနဲ့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ နေရာပိုရလာတာကို တွေ့ရပါတယ်။
လက်ရှိအနိုင်ရ လွှတ်တော်ကိုယ်စာလှယ်စားရင်းအရ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၀၅ ဦး ရှိလာမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံဖြစ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၃၅ ဦးနဲ့ဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ အားကောင်းမယ့်အခြေအနေရှိပါတယ်။

လွှတ်တော်အတွင်း ပြိုင်ဖက်ပါတီတွေ အရေအတွက် မတိမ်းမယိမ်းရှိလာတာကြောင့် ရှမ်းပြည်နယ်လွှတ်တော်မှာ အရင်ထက်ပိုပြီး လှုပ်လှုပ်ရှားရှား ရှိလာနိုင်တယ်လို့ တအာင်းပလောင် အမျိုးသားပါတီက အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မိုင်းဝင်းထူးက ယူဆပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ အားနည်းတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ၂၀၁၅ တုန်းက ပြည်ထောင်စုလွှတ်တော်မှာ ရှုံးနိမ့်ခဲ့တဲ့အဆိုတွေကို သူတို့အင်အားကောင်းတဲ့ ရှမ်းပြည်နယ် လွှတ်တော်ကနေ ဖော်ထုတ်လာမလားဆိုတာကို ၂၀၂၀ မှာ စောင့်ကြည့်ရမယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စိုင်းကျော်ညွှန့်က သုံးသပ်ပါတယ်။ ပါတီတွေအနေနဲ့ မိမိတို့ပါတီအလိုက် သီးသန့် အဆိုတင်တာတွေက များခဲ့ပြီး ၂၀၂၀ မှာတော့ ပြည်နယ်အတွက် ပူးပေါင်း အဆိုတင်ထောက်ခံတဲ့ အခြေအနေမျိုး ဖန်တီးဖို့လိုတယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်စံလွင်ကတော့ လက်ရှိ လွှတ်တော်အခင်းအကျင်းကို ၂၀၁၅ လိုပဲ ယူဆလို့ မရကြောင်းပြောပါတယ်။ ဘယ်လိုအားကောင်းတဲ့ ပါတီတွေဖြစ်ပါစေ လွှတ်တော်မှာ ဦးဆောင်နိုင်တဲ့ အခြေအနေအပေါ် သုံးသပ်ပြီး အလုပ်လုပ်ကြရမှာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်ကတော့ သူတို့အနေနဲ့ လွှတ်တော်ကဏ္ဍမှာတော့ ဥပဒေကြောင်းအရ ၂၀၁၅ တုန်းကလိုပဲ လုပ်ဆောင်ခွင့်ရမှာဖြစ်ပေမယ့် တိုင်းရင်းသားပါတီတွေအပြင် တပ်မတော်နဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ လမ်းခရီးမှာ ဖြစ်နေတာကြောင့် လက်ရှိရှမ်းလွှတ်တော် အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုလို့ အဆင်မပြေနိုင်သေးကြောင်း ပြောပါတယ်။
၂၀၁၀ နောက်ပိုင်း ရှမ်းပြည်နယ်လွှတ်တော်မှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အားကောင်းခဲ့တာ ကြောင့် NLD က ခန့်အပ်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လုပ်ပိုင်ခွင့်တွေ အားနည်းခဲ့ရတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၅ မှာ NLD ပါတီအနေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထိတွေ့မှုနည်းခဲ့တာကြောင့် ၂၀၂၀ မှာ လွှတ်တော်မစခင်နဲ့ အစိုးရမဖွဲ့ခင် ဒေသအတွင်းက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းထားတာမျိုး လုပ်သင့်တယ်လို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်မောင်စိုးက သုံးသပ်ပါတယ်။

တပ်မတော်အနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ ကို ကာကွယ်စောင့်ရှောက်မယ်ဆိုပြီး ကတိပြုထားတာကြောင့် လွှတ်တော်ထဲမှာ NLD အမတ်တွေနဲ့ တစ်ခါထဲပူးပေါင်းဖို့ကတော့ အချိန်ယူရအုံးမယ့် အခြေအနေရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ရခိုင်နဲ့ ရှမ်းပြည်နယ် လွှတ်တော်ကလွဲပြီး ကျန်တဲ့ ပြည်နယ်လွှတ်တော် ငါးခုမှာ NLD ကိုယ်စားလှယ်တွေ အားသာခဲ့ပေမယ့် ၂၀၂၀ မှာတော့ ရခိုင်နဲ့ ရှမ်းပြည်နယ်အပြင် ကယားပြည်နယ်မှာ တိုင်းရင်းသာပါတီတွေ အားကောင်းလာလို့ NLD လွှတ်တော် ကိုယ်စားလှယ် အားကောင်းတဲ့ ပြည်နယ်လွှတ်တော် လေးခုသာရှိလာမယ်လို့ ဦးမောင်မောင်စိုးက ဆိုပါတယ်။
လက်ရှိမှာ NLD အစိုးရအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ထုတ်ပြန်ချက် ထုတ်ထားတာကြောင့် လာမယ့် ရှမ်းပြည်နယ် လွှတ်တော်အခင်းအကျင်းမှာ NLD ပါတီ တိုင်းရင်းသားပါတီတွေ ပူးပေါင်းပြီး လွှတ်တော်ကို ထိန်းကျောင်းနိုင်မလားဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။