စစ်အာဏာရှင်ဆန့်ကျင်တဲ့ လယ်ကူလီမိခင်တစ်ယောက်ရဲ့ ခံယူချက်
ခင်မိုးညို
2022.01.14
2022.01.14
စစ်ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေဟာ လူအင်အားများပြားပေမယ့် လက်နက်အင်အား အလုံအလောက် မရှိကြပါဘူး။
ဒီပဲယင်းမြို့နယ်က PDF အဖွဲ့ဝင်တစ်ဦးရဲ့ မိခင်ကတော့ သူဝတ်ဆင်ထားတဲ့ နားကပ်ကို ရောင်းချပြီး သားဖြစ်သူ တူမီးသေနတ်ကိုင်ဆောင်နိုင်ဖို့ ကူညီပံ့ပိုးခဲ့ပါတယ်။ သားဖြစ်သူကို ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်စေချင်ခဲ့တဲ့ လယ်ကူလီ မိခင်တစ်ဦးရဲ့ စိတ်ခံစားမှုတွေက ဘယ်လိုရှိပါသလဲ။ မခင်မိုးညိုက တင်ပြထားပါတယ်။