သံပုံးတီးလှုပ်ရှားမှုနဲ့အတူ ကျဆုံးသူတွေအတွက် ဆုတောင်း
2021.03.02
ရန်ကုန်မြို့တွင်း ရပ်ကွက်တွေမှာ စစ်အာဏာဖီဆန်တဲ့ လှုပ်ရှားမှုအနေနဲ့ နေ့စဉ် ည ၈ နာရီမှာ သံပုံးတီးလှုပ်ရှားမှုတွေကို ဆက်လုပ်နေကြသလို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ကျဆုံးသွားသူတွေအတွက်လည်း ဖယောင်းတိုင်မီးတွေ ထွန်းညှိ၊ တေးသီချင်းတွေ သီဆိုပြီးညတိုင်းမှာ ဆုတောင်းနေကြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစပြီး စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိသွားပါပြီ။