အေတီအမ် ငွေထုတ်စက်ရှေ့က လူတန်းရှည်များ
ဝေဝေလွင်(ဝါရှင်တန် ဒီစီ)
2021.05.23
2021.05.23
မြန်မာပြည်သူတွေဟာ ဘဏ်တွေမှာ တိုကင်ယူဖို့နဲ့ အေတီအမ် ငွေထုတ်စက်တွေမှာ တန်းစီဖို့အတွက် ညမထွက်ရအမိန့် ထုတ်ထားတဲ့ ကာဖျူးအချိန်ကိုတောင် မမှုနိုင်ဘဲ အပြင်ထွက်နေကြရပါတယ်။ ဘဏ်ရှေ့မှာ ညလုံးပေါက် စောင့်အိပ်ပြီး ငွေထုတ်ရတာတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့မှာ မနက်လင်းလင်းချင်း ရာနဲ့ချီတဲ့ လူတန်းရှည်ကြီးတွေကို တွေ့နေရတာ သုံးလဝန်းကျင် ရှိပါနေပါပြီ။ ဘဏ်တွေကနေ ငွေထုတ်ဖို့ ဘာကြောင့် ဒီလောက်အထိ စွန့်စွန့်စားစား ကြိုးစားနေရတာပါလဲ။