မြောက်ဒဂုံ အာဏာရှင်ဖီဆန်ရေး ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရပြီး တစ်ဦးသေဆုံး

2021.03.11

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်က စစ်အာဏာရှင်ဆန်ကျင်ရေးသပိတ်ကို ရဲနဲ့ စစ်သားတွေ မတ် ၁၁ ရက် ဒီနေ့မနက် ၁၀ ခွဲလောက်က သေနတ်အစစ်၊ ကျည်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တာ ကြောင့် ခေါင်းကို သေနတ်ကျည်ထိမှန်ပြီး နေရာမှာတင် တစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက် ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ပစ်ခတ် နှိမ်းနင်ခံခဲ့ရတာကြောင့် မြောက်ဒဂုံမြို့နယ် ၃၅ ရပ်ကွက်က ပြည်သူ သုံးဦး သေနတ်ကျည် ထိမှန်ခဲ့ပြီး ဦးခေါင်း ကျည်ထိမှန်တဲ့သူတစ်ဦးကတော့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

ကျန်နှစ်ဦးထဲက တစ်ဦးကတော့ ဆီးခုံကို သေနတ်ကျည် ထိမှန်ထားပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပေမယ့် သေဆုံးမှုမရှိသေးဘူးလို့ မျက်မြင်သက်သေပြည်သူတွေက RFA ကို အတည်ပြုပြောပါတယ်။

လက်ရှိ ဘယ်လိုအခြေအနေဆိုတာကို အသေးစိတ် မသိရသေးပါဘူး။ မနက် ၁၀ နာရီခွဲလောက် သပိတ်မစခင် အကြမ်းဖြိုခွင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ကျဆုံးသွားတဲ့သူကို မြောက်ဒဂုံမြို့နယ် ပြည်သူတွေ ဂုဏ်ပြုအလေးပြုခဲ့ကြပြီး ဆုတောင်းပေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။