လက်ကျန် NLD အစိုးရသက်တမ်းနဲ့ ငြိမ်းချမ်းရေးအလားအလာ
နေမျိုးထွန်း
2020.07.17
2020.07.17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသက်တမ်း ၅ နှစ် ကုန်လွန်တော့မှာ ဖြစ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ကျေနပ်အားရမှု မရှိသလောက်ပဲလို့ ဝေဖန်ခဲ့ကြပါတယ်။
ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အားသာချက်၊ အားနည်းချက်တွေအပေါ် အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရဲ့ အမြင်သဘောထားတွေကို စုစည်းပြီး RFA သတင်းထောက် ကိုနေမျိုးထွန်း က တင်ပြထားပါတယ်။