မနီလာသိန်းအမှု ရုံးချိန်း
2019.07.30
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ရဲ့အမှု ရုံးချိန်းကို ဒေါင်းတို့မျိုးဆက်အဖွဲ့ ရုံးချိန်းနဲ့အတူ တစ်ရက်တည်း စစ်ပေးဖို့ ရှေ့နေဖြစ်သူက တရားရုံးမှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦး က တင်ပြထားပါတယ်။