ရန်ကုန်မြို့က တရုတ်နဲ့ ဂျပန်သံရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြ
2021.02.10
ရန်ကုန်မြို့ ဂျပန်သံရုံးနဲ့ တရုတ်သံရုံးရှေ့မှာ လူဦးရေ ရာဂဏန်းခန့် ဒီနေ့ လာရောက်ဆန္ဒပြကြပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တာကို တရုတ်အစိုးရက ဖိအားပေးသင့်တယ်လို့ ယူဆလို့ တရုတ်သံရုံးကို လာရောက်ဆန္ဒပြတာလို့ ဆန္ဒပြလူငယ်တွေက ပြောပါတယ်။