ရန်ကုန်မြို့က မဂိုဘုရင်ဂူဗိမာန်
2017.10.19
အိန္ဒိယနိုင်ငံ ဗြိတိသျှအင်ပါယာ လက်အောက်ကျရောက်စဉ်- ၁၉ ရာစု နှစ်လည်လောက်က ပြည်နှင်ဒဏ် ပေးခံခဲ့ရတဲ့ မဂိုအင်ပါယာရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ဗဟာဒူး-ရှားဇဖာရ် ဘုရင်ဟာ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ဂူဗိမာန်ကို ရန်ကုန်- ဒဂုံမြို့နယ် ဇီဝကလမ်းမပေါ်က ဗဟာဒူး-ရှားဇဖာရ် ဗလီမှာ ဒီနေ့အထိ မြင်တွေ့နိုင်ပါတယ်။ ဗဟာဒူးရှားဇဖာရ် ဘုရင်ရဲ့ သမိုင်းကြောင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။