စစ်တွေမြို့က အလှူငွေပေးအပ်ပွဲ
2017.09.22
ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကာဖို့နဲ့၊ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေ- အဲဒီဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေကို အလှူငွေပေးအပ်ပွဲကို စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်ရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။