မိကျောင်းကန်ရပ်ကွက် မြေသိမ်းယူမှု ဆန္ဒပြပွဲ
2013.10.04
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (အပိုင်း ၁- ၂ - ၃) မှာ ၁၉၉၁ ခုနှစ်အထိ နေထိုင်ခဲ့ပြီး စစ်တပ်က မြေသိမ်းယူခဲ့တာကြောင့် ပြောင်းရွှေ့ခဲ့ရသူတွေက သူတို့ပိုင် မြေနေရာတွေ ပြန်ပေးဖို့ ရန်ကုန် မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံအနီးမှာ မနေ့က နေ့လည်ပိုင်းကစပြီး သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။