အိမ်ပြန်မလာနိုင်တော့တဲ့ ကိုကျော်ထက်ခေါင်
2021.03.01
မန္တလေးမြို့က အသက် ၂၈ နှစ်အရွယ် ကိုကျော်ထက်ခေါင်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ ကျည်ဆံထိမှန်ပြီးတော့ မနေ့က ညနေပိုင်းမှာပဲ ကွယ်လွန်သွားပါတယ်။ ညာဘက်ရင်ညွန့်မှာ ကျည်ဆံထိမှန် သေဆုံးသွားတာပါ။
မိခင်ဖြစ်သူဆီက ဆန္ဒပြပွဲသွားဖို့ ငွေကျပ် ငါးထောင်တောင်းသွားခဲ့ပြီးတဲ့နောက် အခုတော့ သားဖြစ်သူ ကိုကျော်ထက်ခေါင် အိမ်ပြန်မလာနိုင်တော့တဲ့အကြောင်း သူ့ရဲ့မိခင်က RFA ကိုပြောပြထားပါတယ်။ ကိုကျော်ထက်ခေါင်မှာ ဇနီးနဲ့ အသက် ၇ နှစ်အရွယ်သားငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။ မန္တလေးမှာ မနေ့က ပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပါတယ်။