မြို့လယ်ခေါင် ဆန္ဒပြပွဲကို ရဲအင်အား တိုးမြှင့်ချထား

2021.02.19

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆူးလေဘုရားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ နေရာယူလိုက်ပြီး အတားအဆီးတွေ ကာရံလိုက်ပါတယ်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကတော့ လုံခြုံရေးစည်းအပြင်ကနေ ဆက်လက် ဆန္ဒပြနေကြပါတယ်။

အရင်ရက်တွေက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်ခန်းမရှေ့နဲ့ ဗန္ဓုလပန်းခြံပတ်ပတ်လည်မှာပဲ ထားရှိရာကနေ ဒီနေ့မှာတော့ ဆူးလေဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထိပ်ထိ နေရာတိုးချဲ့ အင်အားချလာတာပါ။

ဒီနေ့ ဆူးလေအနီး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ Beauty Blogger ဝင်းမင်းသန်း က လူ့အခွင့်အရေး အပြည့်အဝရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။