NCAအပေါ် ဖြည့်စွက်ချက်တွေကို အပစ်ရပ် ၁၀ ဖဲ့ွအကြား သဘောထားကွဲလွဲ
2019.05.15
ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့အတွက် NCA စာချုပ်မှာ အချက် လေးချက် ပြင်ဆင်ဖြည့်စွက်ဖို့၊ အစိုးရနဲ့ ကတိကဝတ်ပြုချက်တွေယူပြီး ဆက်လက်ဆွေးနွေးဖို့ ဆိုတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တင်ပြမှုအပေါ် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။
RFA သတင်းထောက် ဦးအောင်မိုးမြင့် က တင်ပြထားပါတယ်။